Tuesday, September 30, 2014

ညီမလေးသို့ အလွမ်းပြေ (သို့) ကံကြမ္မာကို အနိုင်တိုက်ခြင်း .....


         နှစ်က ၁၃၇၆-ခုနှစ်၊ လက တန်ဆောင်မုန်း၊ နေ့ရက်က လဆန်း (၁၂) ရက်၊ တနင်္လာနေ့၊ အချိန်က နံက်
(၁၀) နာရီကျော်ကျော်။ ဒါက လက်တွေ့အချိန်၊ လက်တွေ့ လုပ်ဆောင်နေတဲ့ ကာယအလုပ်။ ဒါပေသည့် စိတ်က ဟိုးလွန်ခဲ့တဲ့ အနှစ်ဆယ်ကျော် ညီမလေးတို့ သုံးတန်း လေးတန်း အရွယ်ကပေါ့ကွာ ....
         ညီမလေးတော့ မှတ်မိမယ် မထင်ပါဘူး။ ဘုန်းဘုန်းက EPC ကုန်းပေါ်မှာ ဆွမ်းခံကြွတယ်လေ။ တစ်နေ့
ဖြစ်ချင်တော့ အဲဒီEPCကုန်းပေါ်မှာ သာရေတစ်ခု ရှိတယ်။ ဒေသထုံးစံအရ သာရေးအိမ်မှာ လူတွေစုပုံနေ
တော့ ဘုန်းဘုန်း ဆွမ်းမရခဲ့ဘူးလေ .....

         EPC ကုန်းပေါ်ကဆင်းတော့ ညီမလေးတို့အိမ်ပေါ့။ ညီမလေးတို့အိမ်ရောက်တော့ ညီမလေးရဲ့အစ်မ
သော်သော်က ဆွမ်းလည်းမပါဘူးဆိုပြီး ပန်းကန်ပြားကြီးနဲ့ လောင်းထည့်လိုက်တယ်လေ ...။ ညီမလေးတို့ အိမ်ကလည်း ဆင်းရဲတယ်လေ။ ဆွမ်းကို အဲဒီလို လောင်းနိုင်ပေမဲ့ ဆွမ်းဟင်းကတော့ ချင်ရေဟင်းလေး

တစ်ခွက်ထဲပေါ့ ...။ နောက်ထပ် ဆွမ်းခံအိမ် သုံးအိမ်ရှိပေမဲ့ အစ်ကို ဘုန်းဘုန်း ဆက်မကြွရဲခဲပါဘူး ညီမလေး
ရယ်။ အဲဒီအချိန်တုန်းက ညီမလေးတို့နဲ့က အခုလို မခင်ကြသေးဘူးလေ။












         လူတစ်ယောက်ရဲ့ ကံကြမ္မာ ရှုံးနိမ့်မှုဒဏ်ဟာ ဘယ်လောက်ထိ ပြင်းထန်ခဲ့သလဲဆိုရင် အခုစာရိုက်
နေတဲ့အချိန်မှာတောင် မမြင်တစ်ချက် မြင်တစ်ချက်နဲ့ ရိုက်နေရတာပါ ညီမလေးရာ ....

         အဲဒီနေ့က အစ်ကိုဘုန်းဘုန်း ဆွမ်းစားကျောင်း မတက်ရဲခဲ့ဘူး။ ဆွမ်းစားကျောင်းမတက်လို့ နှင်ချရင်လဲ
ပြန်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ သူငယ်ချင်းတွေရဲ့ မမြင်ကွယ်ရာမှာ နှစ်ကျပ်တန် လ္ဘက်ပဲကြော်လေး တစ်ထုတ်နဲ့ ဆွမ်းတနပ်စာခရီးကို ဖြတ်သန်းခဲ့ရပါတယ်။

         အဲဒီ ကျေးဇူးတရားတွေကို အစ်ကိုကြီး ဘယ်တော့မှ မမေ့ပါဘူးကွာ .......
         စည်းကမ်းပျက် ကျောင်းသားတစ်ဦးဆိုတဲ့ သူငယ်ချင်းတွေရဲ့ အကြည့်နဲ့ ကံကြမ္မာမွဲတဲ့ လူသားတစ်ဦး
အဖြစ်ကို ဖုံးကွယ်ချင်တဲ့ မိမိရဲ့ အတ္တတရားတွေဟာ တကယ့်ကို ပြင်းထန်စွာ ပူလောင်စေခဲ့တာပါ ညီမလေးရာ။



         အဲဒီအချိန်ကစပြီး လူဆိုတာ အတိတ်ကံတစ်ခုတည်းကိုသာ အမှီပြုရတဲ့ သတ္တ၀ါသက်သက်လား ... ဆိုတာ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ဖြစ်ခဲ့တယ်။ အဲဒီက ရလာတဲ့ အဖြေကြောင့်ပဲ အစ်ကိုဘုန်းဘုန်းဟာ
ဒီနေ့ထိ ``စွမ်းနိုင်သမျှ  စွန့်လွှတ်မှုအလံ´´ကို စိုက်ထူခဲ့တာပေါ့ ....

         ဟုတ်တယ် ညီမလေးရေ .... စွန့်လွှတ်မှုကင်းမဲ့လာခြင်းဟာ ဘ၀တစ်ခြမ်းသေခြင်းပါပဲကွာ ...
         ဘာပဲဖြစ်ဖြစ်ပေါ့ ညီမလေးရာ ဒီနေ့တော့ သွေးသားမတော်စပ်ပေမဲ့ မိသားစုဝင်တစ်ဦးအနေနဲ့ ညီမလေးတို့ မိသားစုရဲ့ ကထိန်မင်္ဂလာပွဲလေးမှာ သင်္ကန်း (၁၅) စုံ ကျေးဇူးဆပ်ခွင့်ရလိုက်တဲ့အတွက် ၀မ်းသာမိသလို ဆွမ်းတစ်ပန်းကန်ပြားနဲ့ ချင်ရေဟင်းတစ်ခွက်ကို သတိရမိလို့လဲ အလွန်ဝမ်းနည်းမိပါတယ်။
         ဒီနေ့ ဒီအချိန်မှာတော့ ကံကြမ္မာကို အနိုင်မတိုက်နိုင်ဘူးဆိုရင်တောင် မိမိကံကြမ္မာကို မိမိရင်ဘောင်
တမ်းနိုင်ခဲ့ပါပြီ ....။ မပေါပေမဲ့ မရှားတဲ့ ဘ၀တော့ ရောက်လာပြီပေါ့ ညီမလေးရယ် .....

         ဦးဇင်းရဲ့ ဒီဖြစ်စဉ်လေးကို ကြည့်ပြီး ညီမလေးနဲ့တကွ အားလုံးပဲ သံဝေဂပွားပြီး စွန့်လွှတ်နိုင်ကြပါစေ- ဟု ဆန္ဒပြုရင်း ......
                                                                                              အရှင်သီလာစာရ၊ မြတောင်ကျောင်း
                                                                                                   (3.11.2014) တနင်္လာနေ့

(တစ်စ တစ်စ၊ စွန့်ဝံ့မှလျှင်၊ ဘ၀နောက်နှောင်း၊ ဆက်တိုင်းကောင်း၏)

*****သင့်အဖေ*****

*****သင့်အဖေ*****


သင့်ကိုကိုယ်ဝန်စရှိကာစက သင့်အဖေသောက်နေကျ ဆေးလိပ်အားဖြတ်ခဲ့ပေမည်

သင်အသက်တစ်နှစ်ပြည့်သောအခါ သင့်အဖေလက်ဘက်ရည်ဖိုးကိုလျှော့နေလောက်ပြီ

သင်ငါးနှစ်လောက်ရှိသော် သင့်အဖေ သင့်ကျောင်းစရိတ်အတွက် အင်္ကျီအသစ် ပုဆိုးအသစ်မဝယ်ဖြစ်တော့

သင်ဖျားနာသောအခါ အလုပ်ပင်ပန်းတာတောင် ဂရုမစိုက်နိုင်
သင့်အနားမှာ မိုးလင်းအထိသင့်လက်ဖဝါးများအားကိုင်ပြီး ညလုံးပေါက်ဂရုစိုက်နေပေလိမ့်မည်

သင့်တက္ကသိုလ်ရောက်သောအခါ သင့်အတွက် ရှိစုမဲ့စု ဂုဏ်သိက္ခာကိုချိုးနှိမ်ပြီး သင့်အမှတ်များ သင့်ဆိုးသွမ်းမှုများအတွက် ကျောင်းအုပ်ကြီးထံအယူခံဝင်ရဦးမည်

သင်အိမ်ထောင်ကျသော် "ငါတော့မိဘဝတ္တရားကျေပါပြီ" ကြံဖန်ဝမ်းသာပေလိမ့်ဦးမည်

သင်ကလေးတွေရသော် သင်၏ရင်သွေး သူ၏မြေးအား သင့်ကဲ့သို့ပင် အချစ်ပိုလိမ့်ဦးမည်

သင်သည် ဒီအချိန်ထိ သင်မိဘတစ်ဦးသာဖြစ်သွားပေမည်
သင့်မိဘများကိုရော ကျေးဇူးဆပ်ပြီးပြီလား

ကြွေးမြီသစ်ကိုမတည်မီ ကြွေးဟောင်းကိုရော ရှင်းပြီးပါရဲ့လား

နောက်ဆုံး
"ဘယ်တော့မှပြန်မတောင်းတတ်တဲ့အကြွေးက မိဘကျေးဇူးကြွေး "ဆိုတာလဲ သင်နားလည်ပါစေ

အားလုံး မိဘကျေးဇူးဆပ်နိုင်ကြဖို့
မမေ့ဖို့ ရည်ရွယ်ပါတယ်

တေလေဂျပိုး

*****ဖိနပ်တစ်ရံ ပြည့်အောင် လွတ်ချခဲ့ပါ*****


*****ဖိနပ်တစ်ရံ ပြည့်အောင် လွတ်ချခဲ့ပါ*****
ဂန္ဓီရဲ့ ဖိနပ်တစ်ရံ အမည်ရ စာတိုလေးကို စာဖတ်သူတို့ သိရှိ ဖတ်ဖူးမယ်လို့ ယုံကြည် ပါတယ်။ နယ် တစ်နယ်ကို ခရီးသွားဖို့ ရထားပေါ် အတက်မှာ ဖိနပ်တစ်ဖက် ကျသွားပါတယ်။ ဒါနဲ့ တစ်ရံ ဖြစ်သွားအောင် ဆိုပြီး ကျန်နေတဲ့ တစ်ဖက်ကိုပါ ပစ်ချခဲ့ ပါတယ်။ ယင်းဖြစ်ရပ်ကို မြင်တဲ့ ဘေးက ခရီးသည်က မေးတော့ သူက ဖြေတယ်။ ကောက်ရတဲ့သူ စီးလို့ ရအောင်ပါတဲ့။

ယနေ့ လူမှုဘဝမှာလည်း ဒီလိုပါပဲ မိတ်ဆွေတို့..။ မိမိက အရာ တစ်ခု၊ အခွင့်အရေး တစ်ခု ရပြီးမှ အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးရတော့မယ် ဆိုရင်၊ ပြန်လည်း ရဖို့ မသေချာတော့ရင် တစ်ဖက်က ရမယ့်သူ အတွက်သာ အကောင်းဆုံး ဖန်တီးပေးလိုက်ပါ။ ဖြည့်ဆည်းပေးလိုက်ပါ။ ဖိနပ်တစ်ဖက် တည်း ချန်ထားတော့ရော သင့်မှာ ဘာထူးသွားသလဲ။ ကျခဲ့တဲ့ တစ်ဖက်လည်း အကျိုးမရှိ အမှိုက်ပုံးထဲကိုသာ ရောက်သွားမှာပါ။

သင့် ချစ်သူ အကြောင်းအမျိုးမျိုး သင့်ဆီ ပြန်မလာနိုင်တော့ရင် ဖြတ်မရတောင် မချည်နှောင်ပါနဲ့။ ဓားနဲ့လည်း မထိုးပါနဲ့။ မိမိကိုယ်ကိုလည်း သေကြောင်း မကြံ ပါနဲ့။ လက်နှစ်ဖက်စလုံး လွတ်ပေးလိုက်ပါ။ မိမိရဲ့ နှမြောစိတ်၊ လောဘစိတ်၊ အတ္တစိတ်က ငရဲဆီကိုသာ ခေါ်ဆောင်သွားပါလိမ့်မယ်။ ဘယ်တော့မှ မလုပ်ပါနဲ့။

အချစ်ရေးမှာတင် မကပဲ အခြား လူမှု ဘဝတွေမှာပါ တစ်ခါ တစ်လေ ကျရင် မိမိရဲ့ လိုချင် တက်မက်စိတ်၊ နှမြောတွန့်တိုစိတ် များကို ဖျောက်လို့ တစ်ဖက် အတွက် ဘာလုပ်ပေးနိုင်မယ် ဆိုတဲ့ ပရ စိတ်လေး ထားရှိဖို့ လိုအပ် ပါတယ်။ တစ်ရံ ပြည့်အောင် ပစ်ချခဲ့ပါ မိတ်ဆွေတို့..

အောင်ခမ်း (ရိုးရာလေး)
 

***** နိုဘယ်ဆုစတင်သူ အဲဖရက်နိုဘယ် *****


***** နိုဘယ်ဆုစတင်သူ အဲဖရက်နိုဘယ် *****
နိုဘယ်ဆုဆိုတာကို ကောင်းကောင်းကြီးကြားဖူးမှာ
ပါ
နိုဘယ်ဆုဆိုတာ အဲဖရက်နိုဘယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက စတင်တည်ထောင်ချီးမြှင့်ပေးခ
ဲ့တာလို့လည်း သိကြပါတယ်။ ဒါပေမယ့် အဲဖရက်နိုဘယ်ဆိုတာ ဘာလဲ၊ ကျွန်တော်တို့ ကောင်းကောင်းမသိကြပါဘူး။
အဲဖရက်နိုဘယ်ဆိုတာ ယနေ့ခေတ်လူ ကျွန်တော်တို့အတွက် သူတော်ကောင်းတစ်ယောက်ဖြစ်ပေ
မယ့် သူ့ခေတ်သူ့အခါက လူတွေအတွက်တော့ သူဟာ ဗီလိန်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။
အဲဖရက်နိုဘယ်ကို ၁၈၃၃ခုနှစ်မှာ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ မွေးဖွားခဲ့ပါတယ်။ အဲဖရက်နိုဘယ်ဟာ သားသမီးရှစ်ယောက်ရှိတဲ့ မိသားစုမှာ လေးယောက်မြောက်သားဖြစ်ပါတယ်

အဲဖရက်နိုဘယ် အသက်ကိုးနှစ်အရွယ်မှာတော့ သူတို့မိသားစုဟာ ဆွီဒင်ကနေ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ အဲဖရက်ရဲ့ ဖခင်ဖြစ်သူ အီမန်နြူရယ်နိုဘယ်ဟာ တီထွင်သူအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး စိန့်ပီတာစဘတ်မြို့မှာ တော်ပီဒိုထုတ်လုပ်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေတာကြောင့်ဖြစ်ပါတယ်။

အဲဖရက်တို့ညီအစ်ကိုတတွေဟာ ရုရှားနိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံခြားသားကလေးတွေဖြစ်နေတာမို့ ရုရှားစာသင်ကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားနိုင်ကြခြင်းမရှိတဲ့အတွက် အိမ်တွင်းမှာပဲ အိမ်တွင်းပညာရေးကို သင်ယူခဲ့ကြရပါတယ်။ ဆရာတွေကို အိမ်မှာ ခေါ်ယူသင်ကြားစေခဲ့တာပါ။
လာရောက်သင်ကြားပေးတဲ့ ရုရှားဆရာတွေထဲက တစ်ဦးကတော့ ရုရှားပညာရှင်ကြီးဖြစ်ပြီး အော်ဂင်းနစ်ဓာတုဗေဒပညာရပ်ရဲ့ ဖခင်ကြီးလည်းဖြစ်သူ နီကိုလိုင် နီကိုလာရဲဘိခ်ျ ဇီညင်ဖြစ်ပါတယ်။

ဆရာကြီးဟာ အဲဖရက်ရဲ့ ဓာတုဗေဒလက်တွေ့စမ်းသပ်မှုတွေကို စိတ်ဝင်စားလျက်ရှိခြင်းအား တိုးမြင့်လာစေခဲ့ပြီး အဲဖရက်ကို နိုက်ထရိုဂလစ်စရင်းနဲ့ ၄င်းရဲ့ ပေါက်ကွဲနိုင်စွမ်းဂုဏ်သတ္တိတွေအကြောင်း ပြောပြရှင်းလင်းနားလည်စေခဲ့ပါတယ်။

အသက်၁၆နှစ်အရွယ်ရောက်တဲ့အခါမှာ ဓာတုဗေဒကို စိတ်ဝင်စားသူလူငယ်ကလေး အဲဖရက်ဟာ ဥရောပမှာ ပညာသင်ကြားဖို့ ထွက်လာခဲ့ပါတယ်။ သူဟာ ဒိန်းမတ်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ အမေရိကန်စတဲ့ တိုင်းပြည်တွေကို လှည့်လည်သွားလာခဲ့ပြီး များစွာသော ထင်ရှားကျော်ကြားတဲ့ သိပ္ပံပညာရှင်တွေနဲ့ တွေ့ဆုံဆည်းပူးခွင့်တွေ ရရှိခဲ့ပါတယ်။

ပညာသင်ကြားခြင်းများ ပြီးဆုံးတဲ့အခါမှာတော့ အဲဖရက်ဟာ ရုရှား၊ ပြင်သစ်နဲ့ အီတလီနိုင်ငံတွေမှာ သူ့ရဲ့ ဓာတုဗေဒသုတေသနလုပ်ငန်းတွေကို အကောင်အထည်ဖော်ပါတယ်။ အဓိက ကတော့ နိုက်ထရိုဂလစ်စရင်းအကြောင်း လက်တွေ့စမ်းသပ်ခြင်းတွေပါပဲ။ လက်တွေ့စမ်းသပ်မှုတွေဟာ အသက်အန္တရာယ်နဲ့ လက်တစ်ကမ်းဖြစ်ပေမယ့် အဲဖရက်က မလျှော့သောဇွဲ၊ မြဲမြံတဲ့ လုံ့လနဲ့ အစဉ်တစိုက် လုပ်ကိုင်နေခဲ့ပါတယ်။

များစွာသော စမ်းသပ်လုပ်ကိုင်မှုများအပြီးမှာတော့ အဲဖရက်ဟာ ပေါက်ကွဲအားပြင်းထန်တဲ့ ဒိုင်းနမိုက်ဆိုတဲ့ ပစ္စည်းတစ်မျိုးကို တီထွင်တည်ဆောက်နိုင်လိုက်ပါတော့တယ်။
အဲဖရက်ဟာ ဒိုင်းနမိုက်ကို တီထွင်နိုင်ပြီးတဲ့အခါမှာပဲ ထိုခေတ်က လူ့အဖွဲ့အစည်းဟာ သူ့တီထွင်မှုကို ရန်လိုစွာ၊ မလိုလားစွာ တုန့်ပြန်ခဲ့ကြပါတယ်။

တကယ်တော့ ရထားလမ်း၊ အဝေးပြေးလမ်း၊ လိုဏ်ခေါင်းများနဲ့ ရေနံတူးဖော်ရေးလုပ်ငန်းတွေမှာ အဲဖရက်ရဲ့ တီထွင်မှုဟာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ တီထွင်မှုဖြစ်တာမို့ အဲဖရက်ကိုယ်တိုင်ဟာ ဘာကြောင့် လူ့အဖွဲ့အစည်းက မလိုလားသလဲဆိုတာကို အံ့သြနေခဲ့ရှာပါတယ်။
အဲဖရက်ရဲ့ ညီအစ်ကိုတွေဟာ ဒိုင်းနမိုက်ကြောင့် ရုရှားအင်ပါယာအတွင်း ရေနံရှာဖွေထုတ်လုပ်ရေး လုပ်ငန်းတွေကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခဲ့သလို အဲဖရက်ကိုယ်တိုင်လည်း ဒိုင်းနမိုက်ကြောင့် စီးပွားရေးအရ အောင်မြင်လာခဲ့ပါတယ်။

အဲဖရက်ဟာ ဒိုင်းနမိုက်ထုတ်လုပ်ဖို့ စက်ရုံပေါင်းများစွာကို ကမ္ဘာတစ်ဝှန်းမှာ တည်ထောင်နိုင်ခဲ့ပြီး အဲဒီစက်ရုံတွေက ထုတ်လုပ်တဲ့ ထုတ်ကုန်တွေဟာ အဲဖရက်ရည်မှန်းသလို ခေတ်မီလူ့အဖွဲ့အစည်းတည်ထောင်ရန် လိုအပ်တဲ့နေရာမှာ သုံးကြရုံသာမက အဲဖရက်မမျှော်လင့်ခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေမှာပါ ထည့်သွင်းအသုံးပြုခြင်း ခံခဲ့ကြရပါတယ်။
ဒိုင်းနမိုက် မပေါ်ပေါက်ခင်က ယမ်းစိမ်းကဲ့သို့သော ရှေးရိုးပေါက်ကွဲပစ္စည်းများကိုသာ အသုံးပြုတဲ့ လက်နက်တွေဟာ တစ်ခါပေါက်ကွဲလျှင် တစ်စုံတစ်ယောက်သာ အထိအခိုက်ရှိနိုင်ခဲ့ပေမယ့် ဒိုင်းနမိုက်ပေါ်ပေါက်လာတဲ့အခါမှာတော့ အစုလိုက် အပြုံလိုက် သေကြေပျက်စီးစေနိုင်သော လက်နက်များပါ ပေါ်ပေါက်လာခဲ့ပါတော့တယ်။

သည်လိုနဲ့ ကောင်းတဲ့အကွက်ကို နည်းနည်းပဲမြင်ပြီး မကောင်းတာကိုပဲ များများမြင်တတ်တဲ့ လူ့အဖွဲ့အစည်းရဲ့ ထုံးစံအတိုင်း လူထုဟာ အဲဖရက်ကို အမြင်စောင်း၊ မကျေမနပ်ဖြစ်နေကြပါတော့တယ်။
ဒါပေမယ့် အဲဖရက်ဟာ ဒါကို ဂရုမပြုနိုင်သေးဘဲ သူရဲ့လုပ်ငန်းတွေကြားမှာပဲ နစ်မြုပ်နေခဲ့ပါတယ်။
၁၉၈၈ခုနှစ်မှာတော့ အဲဖရက်ရဲ့ ဘ၀ကို အလှည့်အပြောင်းဖြစ်စေမယ့် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လို့လာခဲ့ပါတယ်။

အဖြစ်အပျက်က ပြင်သစ်သတင်းစာတစ်စောင်ရဲ့ နာရေးသတင်းတစ်ခုပါ။
နာရေးသတင်းခေါင်းစဉ်ကတော့ “ သေမင်းတမန်ကုန်သည်ကြီး ကွယ်လွန်ရှာပြီ” လို့ဖြစ်ပြီး သတင်းထဲမှာတော့ ဒိုင်းနမိုက်တီထွင်သူ အဲဖရက်နိုဘယ် ကွယ်လွန်ပြီဖြစ်ကြောင်း လွဲမှားစွာ ရေးသားဖော်ပြခဲ့ပါတယ်။

နာရေးသတင်းထဲမှာတော့ အဲဖရက်ကို ဒိုင်းနမိုက်ဘုရင်ကြီး၊ သေမင်းတမန်ကုန်သည်ကြီး၊ သေခြင်းတရားပေါက်ကွဲမှုဖြစ်စဉ်ကုန်သည်ကြီး စသဖြင့် ဂုဏ်ပုဒ်များကို လှိုင်လှိုင်ဖော်ပြရေးသားခဲ့ပါတယ်။

မှားယွင်းမှုစစ်စစ်သော်လည်းကောင်း သို့မဟုတ် အရွဲ့တိုက်ရေးသားခဲ့ခြင်းသော်လည်းကောင်း ဖြစ်နိုင်ပေမယ့် ဘာပဲပြောပြော အမှားကောင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။
အဲဒီသတင်းကို ဖတ်မိလိုက်တဲ့အခါမှာတော့ အဲဖရက်ဟာ လူထုရဲ့အမြင်မှာ ကမ္ဘာလုံးဆိုင်ရာဗီလိန်ကြီးတစ်ဦးဖြစ်နေပြီဖြစ်ကြောင်း သူ့ကိုယ်သူ သတိထားမိလိုက်ပါတော့တယ်။

အဲဖရက်ဟာ သူ့ရဲ့ တီထွင်မှုအတွက် ၀မ်းနည်းစွာ ခံစားရပြီး သည်အတွက် ကမ္ဘာ့လူထုကို တစ်ခုခု ပြန်ပေးဆပ်ဖို့လဲ စဉ်းစားလိုက်မိပါတယ်။
ဒါ့အပြင် ခေတ်အဆက်ဆက် ကမ္ဘာ့သမိုင်းမှာ ဗီလိန်ကြီးတစ်ဦးအဖြစ် မှတ်တမ်းမတင်စေလိုတာလည်း စိတ်ထဲမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အဲဖရက်ဟာ သူ့ရဲ့ ပိုင်ဆိုင်သမျှငွေကြေးများကို ကမ္ဘာ့လူ့အဖွဲ့အစည်းအတွက် ကောင်းရာကောင်းကျိုးလုပ်ဆောင်သူများကို အသိအမှတ်ပြု၊ ဆုချီးမြှင့်ဖို့ အစီအစဉ်တစ်ခု ချမှတ်ခဲ့ကာ သေတမ်းစာတစ်စောင် ရေးသားပါတော့တယ်။
သည်လိုနဲ့ပဲ ယနေ့အခါမှာ ကျွန်တော်တို့ သိနေတဲ့ နိုဘယ်ဆုနဲ့ နိုဘယ်ဆုချီးမြှင့်ရေးဆိုင်ရာအဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာခဲ့ပါတော့တယ်ခင်ဗျာ။

အဲဖရက်နိုဘယ်နှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ် အချက်အလက်များ
- - ဆေးလိပ်မသောက်၊ အရက်မကြိုက်၊ ဖဲမရိုက်၊ လောင်းကစားမလုပ်။
- - ဆိတ်ငြိမ်အေးချမ်းသော ဘ၀ပုံစံကို ကြိုက်နှစ်သက်သော်လည်း ဘ၀တစ်လျှောက်လုံး ရှုပ်ထွေးစည်ကားသော မြို့ပြဘ၀တွင်သာ ကျင်လည်ခဲ့ရ။
- - မိခင်ဆွီဒင်ဘာသာစကားအပါအ၀င် အင်္ဂလိပ်၊ ရုရှား၊ ဂျာမန်၊ ပြင်သစ် စသော ဘာသာစကားများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်။
- - တေးသီချင်း၊ ၀တ္ထုနှင့် ကဗျာလင်္ကာအချို့ ရေးသားသီကုံးခဲ့။

Credit -Original Writer

Aye Chan Mon

*****ကမ္ဘာမှာမျိုးချစ်စိတ် နိင်ငံချစ်စိတ် စံပြနိုင်ငံ*****


*****ကမ္ဘာမှာမျိုးချစ်စိတ် နိင်ငံချစ်စိတ် စံပြနိုင်ငံ*****

........လူငယ်တွေကို ဖတ်ကြည့်စေချင်တယ်

၂၄ ၂ ၂၀၁၄ နေ့ညက ဥတ္တံတားကျေးရွာ စာပေဟောပြောပွဲမှာ ဆရာမောင်စိန်ဝင်း
(ပုတီးကုန်း) ပြောသွားတာလေးပါ။

ဂျပန်နိုင်ငံဆိုတာကမ္ဘာမှာမျိုးချစ်စိတ် နိင်ငံချစ်စိတ် စံပြနိုင်ငံပါ။
ဒီလိုမျိုးချစ်စိတ်လူတိုင်းမှာဖြစ်လာအောင် ကျုပ်တို့နိင်ငံလို ဆိုင်းဘုတ်တွေ ဆောင်ပုဒ်တွေပဲချိတ်ဆွဲခဲ့တာမဟုတ်ဘူး။ ဂျပန်မှာချယ်ရီပန်းတွေပွင့်တဲ့အချိန် ပန်းကြည့်ပွဲလုပ်တယ်။ ကျောင်းတွေပိတ်တယ်။ ဒီလိုပဲသစ်တောကြည့်ပွဲ မြစ်ကြည့်ပွဲ ဖူဂျီတောင်ကြည့်ပွဲတွေလုပ်တယ်။

ဆရာဆရာမတွေကတပည့်တွေကိုခေါ်သွားတယ်။ မိဘတွေကခလေးတွေကိုခေါ်သွားတယ်။ ဟိုရောက်ရင် ခလေးတွေကိုပေးဆော့တယ်။ မုန့်တွေကြွေးတယ်။ ခလေးတွေအရမ်းပျော်တာပေါ့။
ပြီးတော့မှဆရာမတွေကမေးတယ်။ သားတို့သမီးတို့ပျော်ကြလားပေါ့။ ခလေး
တွေကပျော်တာတယ်ပေါ့။ ဒီတော့ဆရာတွေကထပ်မေးတယ်။ ဒီပန်းပင်တွေ ဒီသစ်တောတွေ ဒီမြစ်ကြီးတွေ ဒီဖူဂျီတောင်ကြီးတွေ မရှိတော့ရင် ကလေးတို့ပျော်ပါ့မလားပေါ့။ ဒီဟာတွေအမြဲရှိနေစေချင်လားပေါ့။
ကလေးသဘာဝအမြဲရှိနေစေချင်တယ်ပဲဖြေကြတာပေါ့။ ဒီတော့ဆရာတွေကထပ်
မေးတယ်။ မင်းတို့အမြဲရှိနေစေချင်တာတွေကို တစ်ခြားနိုင်ငံက တစ်ခြားလူမျိုးတွေ လာပြီးလုယူမယ်။ ဝယ်ယူမယ်ဆိုရင်ရောလို့မေးတော့ ကလေးတွေက မပေးဘူး ရိုက်ထုတ်မယ် မောင်းထုတ်မယ်။ ဒါမျိုးဖြေကြမှာပဲလေ။

အဲဒီလို ငယ်ငယ်လေးကတည်းက သစ်ပင်သစ်တောတွေ မြစ်တွေ တောင်တွေကစပြီး
ကိုယ့်လူမျိုးကိုယ့်နိုင်ငံကို နှလုံးသားထဲ စွဲစွဲမြဲမြဲ ချစ်တတ်အောင်သင်ခဲ့ကြတာတဲ့။

အဲဒီကလေးတွေကြီးလာလို့ အရာရှိပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်ပဲဖြစ်ဖြစ် နိုင်ငံခေါင်းဆောင်ကြီးတွေပဲဖြစ်ဖြစ် တစ်ခုခုဖြစ်လာခဲ့ရင် သစ်တောတွေ တောင်တွေ မြစ်တွေ သယံဇာတတွေကို တစ်ခြားနိုင်ငံ
ရောင်းစားမယ့်လူတွေ ဘယ်တော့မှမဖြစ်လာနိုင်တော့ဘူးတဲ့။

ဒါလေးဖက်ကြည့်ပြီးသဘောကျရင် တစ်ခြားသူတွေလည်း ဖတ်ရအောင်
Share ပေးလိုက်ပါ။
— with Ye Yint Ni, Virous King and Wai Lin Aung.

*****သုခပေး၍ ပျော်ရွှင်ပါ*****


*****သုခပေး၍ ပျော်ရွှင်ပါ*****
အမတ်ကြီးနဲ့ဘုရင့်သားဟာ တစ်နေ့တော့ တိုင်းခန်းလှည့်လည်လာရင်းနဲ
့ချောင်းတစ်ခုနားကို ရောက်တော့ အ၀တ်ပုံတစ်ခုကိုတွေ့သတဲ့။
အဲဒီအ၀တ်ပုံမှာ အပေါ်ဝတ်အကျီတစ်ထည်နဲ့ ပုဆိုးအစုတ်နှစ်ထည်ကိုတွေ့ပ
ါတယ်။
ဘုရင့်သားက စုတ်ပြတ်နေတဲ့ အ၀တ်ပုံကိုကြည့်ပြီးတော့

"အမတ်ကြီးကြည့်ပါ ဒီအ၀တ်ပုံဟာ ဆင်းရဲသားတစ်ယောက်ရဲ့ အ၀တ်ပုံဖြစ်ရမယ်။အ၀တ်တွေဒီနားမှာ ထားသွားတာကိုကြည့်ရတာ သူရေချိုးနေပုံရတယ်"

အမတ်ကြီးက ပြုံးနေတယ်။
ဘုရင့်သားကပဲ

" အမတ်ကြီး ဒီရေချိုးနေတဲ့ ဆင်းရဲသားရဲ့ အ၀တ်တွေကို ဖွက်ထားပြီး ချုံပုတ်တစ်ခုထဲကနေ ချောင်းကြည့်နေရရင် မကောင်းဘူးလား။
သူတက်လာလို့ အ၀တ်တွေပျောက်သွားတာကို မြင်ရင်တော်တော်ရယ်စရာကောင်းတဲ့ရုပ်ဖြစ်နေမှာ "

အမတ်ကြီးက မင်းသားအား

"အရှင့်သား လူတစ်ဦးတစ်ယောက်ရဲ့ ၀မ်းနည်းပူဆွေးနေမှုကို ကြည့်၍ ပျော်နေတယ်ဆိုတာ သူတော်ကောင်းတွေမဟုတ် တကယ်လို့ အရှင့်သားအနေနဲ့
အရမ်းပျော်ချင်နေတယ်ဆိုရင် ဒီလိုလုပ်"

အမတ်ကြီးက ရွှေပြား ၂ ပြားအား မင်းသားကို ထုတ်ပေးလေသည်။မင်းသားက အမတ်ကြီးအားနားမလည်သလိုကြည့်၏။
အမတ်ကြီးက

"အရှင့်သား ဒီရွှေ၂ပြားအား ထိုဆင်းရဲသားရဲ့ အ၀တ်ပုံထဲက အိပ်ကပ်နှစ်ခုမှာ တစ်ဖက်တစ်ပြားစီထည့်လိုက်ပါ"

မင်းသားလဲ သွားထည့်လိုက်၏။ထို့နောက် သူတို့နှစ်ဦးသစ်ပင်အကွယ်တွင်စောင့်ကြည့်နေကြသည်။မကြာမီဆင်းရဲသားရေထဲမှပြန်တက်လာသည်။အရင်ဆုံး ပုဆိုးကို ရေလဲပြီးဝတ်လိုက်သည်။

ထို့နောက် အကျီ်င်္ကို ကောက်ဝတ်လိုက်သည်။ပြီးနောက် အကျီ်အိတ်ထဲတစ်ခုခုရှိနေသလို ခံစားမိသဖြင့် လက်နှိုက်လိုက်လေသည်။ထိုအချိန်မှာ အိတ်ကပ်ထဲက ရွှေပြားကိုတွေ့သည်။

သူအရမ်းပျော်မြူးသွားသည်။မယုံနိုင်သလိုထိုရွှေပြားကို ပွတ်ကြည့်၏။ ကိုက်ကြည့်၏။ ဆင်းရဲသားကားပျော်ရွှင်မြူးတူးနေ၏။ထို့နောက်ပြန်လှည့်အထွက်မှာ နောက်အိတ်ကပ်တစ်ခု
လေးနေသည်ကိုသတိထားမိ၏။

လက်နှိုက်ကြည့်ပြန်၏။ရွှေပြားတစ်ပြားထွက် လာပြန်၏။ထိုအချိန်တွင် ဆင်းရဲသားက မြေကြီးပေါ်ဒူးထောက်ထိုင်ချပြီး လက်အုပ်ချီကာ ကောင်းကင်ကို မော့၍

" အို အကျွနုပ်အား ဖေးမကူညီကျသော နတ်ဒေ၀ါအပေါင်းတို့ အကျွန်ုပ်အိမ်တွင်
နေမကောင်းဖြစ်နေသော ကျွန်ုပ်အမေအား အသင်တို့စောင့်ရှောက်ပေး၏။စားစရာမရှိသောကြောင့် အားအင်ပြတ်လပ်နေသော ညီမလေးအားလဲ အသင်တို့ စောင့်ရှောက်၏၊သင်တို့အား အထူးကျေးဇူးတင်ပါ၏"

ဟုဆိုကာ ဦးသုံးကြိမ်ချ၍
ပျော်ရွှင်စွာပြန်သွားလေသည်။

ထိုအဖြစ်ကိုကြည့်ပြီး ဘုရင့်သားမျက်ရည်ကျ၏။အမတ်ကြီးကား ပြုံးနေ၏။မင်းသားက

" အမတ်ကြီးယနေ့ကျွန်တော့်အား မမေ့နိုင်တဲ့ သင်ခန်းစာတစ်ခုကို သင်ပေးလိုက်ပြီ"

ဟုပြော၏။အမတ်ကြီးက

"အရှင့်သား လူတွေကို ဒုက္ခပေးပြီးမှ ပျော်ရတာထက် သုခပေးခြင်းဟာ တကယ့်ပျော်ရွှင်ခြင်းအစစ်မည်ပေသည် " အရှင့်သားအဖို့မှတ်သားထားပါလေ"။

မောင်စိုင်း

***စိတ်ဓာတ်ကျနေသလား သူငယ်ချင်း? အချိန်လေးခနလောက်ပေးပြီး ဖတ်ကြည့်ပါ***


***စိတ်ဓာတ်ကျနေသလား သူငယ်ချင်း? အချိန်လေးခနလောက်ပေးပြီး ဖတ်ကြည့်ပါ***
အရင်ဆုံးပြောချင်တာကတော့ စိတ်ဓာတ်ကျတယ်ဆိုတာ သူငယ်ချင်းတစ်ယောက်ထဲမဟုတ်ပ
ါဘူး။
ကျွန်တော်တို့လူသားအားလုံး စိတ်ဓာတ်ကျတတ်ကြပါတယ်။
ပိုက်ဆံမရှိလို့၊ ချစ်သူနဲ့အဆင်မပြေလို့
မိသားစုနဲ့အဆင်မပြေလို့၊ အလုပ်မှာအဆင်မပြေလို့၊
စာမေးပွဲကျလို့၊ ရုပ်မလှလို့ အမျိုးမျိုးကိုစိတ်ဓာတ်ကျနေတတ်ကျပါတယ်။ စိတ်ဓာတ်ကျတာ ဆင်းရဲချမ်းသာမရွေးပါဘူး။ ပိုက်ဆံချမ်းသာတဲ့သူတွေတော့ စိတ်ချမ်းသာမယ်လို့သင်ထင်မှာပေါ့။
တကယ်တော့သင်ထင်သလိုမဟုတ်ပါဘူး။

ဥပမာဆိုပါစို့ သင်ကသိပ်မချမ်းသာဘူးသာမန်ရုံးဝန်ထမ်းတစ်ယောက် သင့်မှာသင်အရမ်းကြိုက်တဲ့ Iphoneလေးရှိတယ်ဆိုပါစို့။ အဲဒိ
Iphoneလေး taxiပေါ်မှာမေ့ကျန်ခဲ့တယ်ဆိုပါစို့။ သင်ဘယ်လိုခံစားရမလဲ? ခနလောက်တွေးကြည့်လိုက်ပါ။ ၇သိန်း ၈သိန်းလောက်တန်တဲ့ပစ္စည်းတစ်ခု
အတွက်တောင် သင်အဲ့လောက်စိတ်သောကတွေရောက်ပြီး စိုးရိမ်ပူပန်တတ်နေရင် သိန်းထောင်ပေါင်းများစွာချမ်းသာတဲ့သူတွေရော
ဘယ်လိုစိတ်ထဲမှာဖြစ်နေမယ်ထင်လဲ? သူတို့တွေက ဒီလောက်ချမ်းသာရင်တော်ပါပြီဆိုပြီးရပ်သွားတဲ့သူမရှိပါဘူး။ ဒိထက်ပိုချမ်းသာ
အောင်လုပ်နေကြတဲ့သူတွေချည်းပါပဲ။ သူတို့မှာရှိတဲ့ ချမ်းသာမှုတွေကိုမပျောက်ပျက်အောင်အမြဲထိန်းသိမ်းနေရပါတယ်။

တကယ်တော့အောင်မြင်မှုဆိုတာ ပျော်ရွှင်မှုပါ။ လူတွေက ပျော်ရွှင်မှုရဖို့ ပိုက်ဆံကအဓိကကျတယ်လို့သတ်မှတ်လိုက်တယ်။အဲဒိတော့ ပိုက်ဆံ=ပျော်ရွှင်မှုဆိုတဲ့ ညီမျှခြင်းနဲ့ သူတို့ဘ၀ကိုဘောင်ခတ်ပစ်လိုက်တယ်။ သူတို့အဲဒိဘောင်ထဲမှာနေထိုင်ကြတယ်။
ဒါပေမဲ့သူတို့ ပျော်ရွှင်ခြင်းအစစ်အမှန်ကိုမရရှိကြဘူး။ သူတို့ဘ၀တွေကိုလောဘတွေနဲ့ အနားသတ်လိုက်တယ်။

သူတို့ရဲ့ညီမျှခြင်းကလောဘ+ပိုက်ဆံ=ပျော်ရွှင်မှုဖြစ်လာတယ်။ ကြာလာတော့ ညီမျှခြင်းရဲ့တစ်ဘက်ခြမ်းက ပျော်ရွှင်မှုသူတို့ဆီမှာမရှိတော့ဘူး။
သူတို့ဆီမှာကျန်ခဲ့တာက လောဘ+ပိုက်ဆံ ဖြစ်သွားတယ်။ သူတို့ရဲ့ဘ၀တွေကဘာနဲ့တူလဲဆိုတော့ ကျောက်တုံးအကြီးကြီး တစ်တုံးကို
အရမ်းမတ်တဲ့တောင်ကုန်းပေါ်ကိုတွန်းတင်နေရသလိုပဲ သူတို့တက်တာမြင့်လာလေလေ အဲဒိကျောက်တုံးကြီးကိုနောက်ပြန်မကျအောင်
အားပိုစိုက်ရလေလေ။ တစ်ချို့ကလည်း အဲဒိကျောက်တုန်းကြီးတွန်းနေတုန်း အရမ်းလှတဲ့ကြယ်လေးတွေရယ် ပတ်ဝန်းကျင်ကငှက်ကလေး
တွေရဲ့တေးဆိုသံတွေကို မခံစားမိလိုက်ကြဘူး။ တစ်ချို့ကလည်း မနိုင်တဲ့ကျောက်တုန်းကြီးမို့လို့ ဒလိမ့်ခေါက်ကွေးပြုတ်ကျ
ကြတယ်။ တစ်ချို့ကလည်း ချွေးသံတရဲရဲနဲ့။ တစ်ချို့ကတော့ ထိပ်ဆုံးရောက်သွားကြတယ်။ ဒါပေမဲ့ နောက်ထပ်တက်ရမဲ့တောင်တွေအများကြီး
ရှိမှန်းအပေါ်ဆုံးရောက်မှ သိခွင့်ရလိုက်တယ်။ ပိုက်ဆံနဲ့သတ်မှတ်ထားတဲ့အောင်မြင်မှု နောက်ကိုလိုက်ရင်း ဘ၀မှာအရေးကြီးဆုံးအရာအားလုံးကို
ဆုံးရှုံးလိုက်ရတယ်။

ပိုက်ဆံအရေးမကြီးဘူးလားလို့မေးရင်တော့ အရေးကြီးတာပေါ့။ ဒါပေမဲ့ပျော်ရွှင်မှုရဲ့ အဓိကအကြောင်းရင်းတော့မဟုတ်ဘူးဗျ။
သူကအစိတ်အပိုင်းတစ်ခုထက်မပိုဘူးဗျ။ ဒါကသတ်မှတ်တဲ့သူပေါ်မှာတော့မူတည်တာပေါ့။ သင်ကပိုက်ဆံကပျော်ရွှင်မှုလို့သတ်မှတ်ရင်တော့
ပိုက်ဆံတွေရှာပြီး ပျော်အောင်စမ်းကြည့်ပေါ့နော်။

ကဲစိတ်ဓာတ်ကျပြီးမပျော်မရွှင်ဖြစ်နေတယ်ဆိုရင် အောက်ပါနည်းလမ်း(၃)မျိုးအတိုင်းစမ်းကြည့်ရအောင်.

(၁) အတွေးတွေပြောင်းလဲကြည့်လိုက်ပါ။

ကျွန်တော်တို့ဘုရားရှင်ကပြောတယ် "The mind is everything. What you think you become" -Buddha
စိတ်ကအရာရာပဲဗျ။ ဥပမာ သင်ကြုံဖူးလား သင်မှန်ထဲကြည့်လိုက်တော့ တခါတလေချောနေတယ်လေ။ အဲဒိအချိန်ဆို ကိုယ့်ကိုအားရနေပါတယ်။
လူရှေ့သူရှေ့ကိုထွက်တော့လည်း ယုံကြည်မှုအပြည့်နဲ့လေ။ ပြီးတော့အဲ့လိုနေ့မျိုးဆို ဘာပဲလုပ်လုပ်အောင်မြင်တာများတယ်။
ဒါပေမဲ့ကျွန်တော်တို့တွေက မှန်ကြည့်ပြီး ကိုယ့်အပြစ်ကိုယ်အရှာကြဆုံး လူသားမျိုးနွယ်တွေလေ။ နှာခေါင်းမလှဘူး၊နားရွက်ကားတယ်
မျက်လုံးကဆွေတယ် ကိုယ့်ကိုကို တမုန်းကဲ့ရဲ့ပြီး စိတ်ဓာက်ကိုအောက်ဆုံးထိဆွဲချလိုက်ကြတယ်လေ။ အဲဒိလိုနေ့မျိုးဆို စိတ်ဓာတ်တွေကျလို့ပေါ့။ ကိုယ့်ကိုကိုယုံကြည်မှုကကျသွားတယ်။ အကျိုးဆက်အနေနဲ့တစ်နေ့လုံးကိုဘာလုပ်လုပ်အဆင်မပြေတော့ဘူး။

ပြန်သုံးသပ်ကြည့်ရအောင်။ သင့်ရုပ်ကဒီရုပ်ပဲ။ ပြောင်းသွားတာသင့်စိတ်။ သင့်စိတ်က သင့်ကိုအကျဉ်းချပစ်လိုက်တယ်။ သင်ကလည်း
အကျဉ်းချခံရအောင်ကို မရမကလိုက်တွေးတယ်။ အဲဒိတော့ ကျွန်တော်တို့ဘုရားရှင်ပြောတာမမှန်ဘူးလား? စိတ်ကအရာရာပဲတဲ့
သူဘာသာလေထဲမှာလွင့်မျောနေတဲ့တိမ်တွေကိုလည်း ဆင်ရုပ်တွေ၊ကျားရုပ်တွေ အဖြစ်မြင်ကြည့်လိုက်လို့ရတယ်။ ညဘက်ခေါင်းရင်းမှာ
ထောင်ထားတဲ့ဖျာလိပ်ကြီးကိုလည်း သရဲလို့တွေးပစ်လိုက်လို့ရတယ်။ အဲဒိတော့ သေချာပြန်စဉ်းစားရင် ပျော်ရွှင်မှုရဖို့ဆိုတာ စိတ်ကိုပြင်ရမှာပါ။
ပိုက်ဆံမဟုတ်ပါဘူး။ ဒါပေမဲ့ ပိုက်ဆံနဲ့ညီမျှခြင်း ချချင်ရင်လည်းရပါတယ်။ ဒါပေမဲ့ အဲလိုစဉ်းစားရင်တော့ စိတ်ချမ်းသာဖို့ ပိုက်ဆံအရင်ရှာလိုက်အုံးနော်။

ကဲဒီစာကိုဖတ်နေကတည်းကသင်စိတ်ဓာတ်ပြန်တက်ချင်တဲ့သူဆိုတာသေချာ တယ်။ သင့်အတွေးတွေနည်းနည်းလောက်ပြောင်းကြည့်ပါ။
သင့်ရဲ့အထက်ကသူတွေချည်းပဲမကြည့်ပါနဲ့။ သင်စိတ်ဓာတ်ကျနေတယ်ဆိုရင် Busကားတွေကြားထဲပြေးလွှားပြီးပန်းရောင်းနေတဲ့ကလေးတွေ၊
သူများကျောင်းစိမ်းဝတ်စုံလေးတွေကိုငေးကြည့်နေတဲ့ကလေးတွေ၊ တစ်နေ့လုံးမှာထမင်းတစ်နပ်ပဲစားရတဲ့သူတွေ၊ အာဖရိကက ၂ရက်မှတစ်ခါလောက်အစားအစာစားခွင့်ရတဲ့ကလေးတွေ ကိုအားနာပါအုံး။

သင်ရုပ်ပိုင်းဆိုင်ရာအားနည်းချက်ရှိတယ်လို့ထင်ရင် ဆယ်တန်းမှာသင်ခဲ့ရဖူးတဲ့ Helen Kellerကိုအားနာပါအုံး။ မျက်စိလည်းမမြင်နားလည်းမကြားခဲ့တဲ့ Helenတောင်ဘ၀ကို ရင်ဆိုင်နိုင်ရင် သင်ကရော။ သင့်မျက်လုံးမလှဘူးထင်ရင်တစ်ခါလောက် မျက်စိမှိတ်ပြီး
လမ်းလျှောက်ကြည့်ပါအုံး။ မျက်စိမမြင်တဲ့ သူတစ်ယောက်ဆိုရင်ရောဘယ်လိုနေမလဲ? သင်အရမ်းကံကောင်းပါတယ်။ သင်ဒီစာကိုဖတ်နေနို်င်တယ်လေ။ဘ၀ရဲ့အလှအပတွေကိုခံစားနိုင်တယ်လေ။ မနက်ဖြန်ဆိုတာမသေချာတဲ့အရာမို့လို့ လက်ရှိအချိန်ကိုလေးစားပါ။

ဘယ်တော့မှ မကောင်းတဲ့စိတ်ဓာတ်နဲ့အရာရာကိုမကြည့်ပါနဲ့။ အဲဒါဟာ စိတ်ဓာတ်ကျရခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုပါ။ "အချုပ်ခန်းထဲက အကျဉ်းကျခံထားရတဲ့အကျဉ်းသား၂ယောက်က ပြတင်းပေါက်အပြင်ဘက်ကိုပြိုင်တူကြည့်လိုက်တယ်။ ပထမတစ်ယောက်ကပြောတယ် အပြင်မှာရေဗွက်တွေချည်းပဲတဲ့ စိတ်ပျက်ဖို့ကောင်းလိုက်တာတဲ့
ဒုတိယတစ်ယောက်ကပြောတယ် ဒီညလသာတယ်နော်။ ကြယ်တွေလည်းစုံပြီးအရမ်းလှလိုက်တာတဲ့" လူတွေရဲ့အတွေးတွေဟာ လူတွေရဲ့ပျော်ရွှင်မှုပါပဲ။ အရာရာကိုအတတ်နိုင်ဆုံး
အကောင်းမြင်ကြည့်ပါ။ သင်အရင်ထက်စိတ်ချမ်းသာလာတာတွေ့ရလိမ့်မယ်။

(၂) သင့်ကိုသင်ချီးကျူးပါ။

သင့်ကိုယ်သင်အမြဲအပြစ်ရှာနေတာကိုခနလောက်ရပ်ပြီး သင့်ကိုသင်ချီးကျူးပါ။ သင်ဘာပဲလုပ်လုပ်တစ်ခုခုအောင်အောင်မြင်မြင်ပြီးဆုံးသွားရင်
သင့်ကိုယ်သင်ချီးကျူးဖို့မမေ့ပါနဲ့။ လူတိုင်းလူတိုင်းမှာ ပင်ကိုယ်အရည်အချင်းရှိပါတယ်။ သင့်မှာလည်းရှိပါတယ်။ သင့်မှာချီးကျူးစရာတစ်ခုမှမရှိဘူးလို့သင်ထင်လို့လား? ချီးကျူးစရာတစ်ခုရအောင်ဖန်တီးပါ။ ဥပမာ စိတ်သဘောထားကောင်းအောင်နေကြည့်ပါ။ ဒါဟာအတော်ကိုချီးကျူးစရာကောင်းတဲ့
အရာမျိုးပါ။ ဒါမှမဟုတ် ကိုယ့်ကိုကို နှိမ့်ချပြီးနေကြည့်ပါ။ ဒါဟာလည်းလူတိုင်းမလုပ်နိုင်တဲ့အရည်အသွေးပါ။ ဒါမှမဟုတ် အချိန်လေးစားတဲ့သူတစ်ယောက်ဖြစ်အောင်နေကြည့်ပါ။ ဒါကလည်း တော်တော်ကိုချီးကျူးစရာကောင်းတဲ့အချက်ပါ။ အဲဒါတွေလုပ်ဖို့ သင်ပိုက်ဆံတစ်ပြားမှမလိုဘူးနော်။ သင့်လုပ်ချင်ဖို့ပဲလိုတာ။


နောက်တစ်ချက်အရေးကြီးတာက သူများကိုလည်း ချီးကျူးပါ။ ရိုးရိုးသားသားချီးကျူးတာက ချီးကျူးခံရသူလည်း စိတ်ချမ်းသာပါတယ်။

(၃) ဘောင်ထဲမှာမနေပါနဲ့။
သင့်ကိုသင်ဘောင်ခတ်ထားတာအရမ်းဆိုးပါတယ်။ တစ်ခုခုကိုမလုပ်နိုင်ဘူး၊အခက်အခဲတစ်ခုကိုမဖြတ်ကျော်နိုင်ဘူး စသဖြင့်တွေးရတာအရမ်းလွယ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုတွေးတာဟာ ဘာမှကိုအသုံးမ၀င်ပါဘူး။ သင့်ရဲ့ comfort zone ထဲကထွက်ကြည့်ပါ။ ဥပမာ သင်က Englishစာသင်တန်းတစ်ခုမှာ အမြဲတမ်
ရှေ့ထွက်ပြီးမပြောရဲဘူးဆိုပါစို့။ တစ်ခါလောက်ထွက်ပြောဖြစ်အောင် ထွက်ပြောပါ။

အဲ့ဒိလိုများများလုပ်ပေးမှ သင့်ကိုသင်ယုံကြည်မှုတက်လာမှာပါ။ အကျိုးဆက်အနေနဲ့ သင့်ကိုသင်ချီးကျူးဖို့အရာတွေတိုးလာမှာပါ။ သင့်ကိုသင်လက်ခံပါ။ ဒီအချက်ကအရမ်းအရေးကြီးပါတယ်။ သင်အသားမဲသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊
ဝသည်ဖြစ်စေ ၊ ပိန်သည်ဖြစ်စေ သင့်ကိုသင်လက်မခံသေးသ၍ ဖုံးကွယ်ဖို့ကြိုးစားနေသ၍ သင်မလုံခြုံမှုတွေနဲ့ စိတ်ဆင်းရဲနေအုံးမှာ။ လောကကြီးနဲ့အသားကျဖို့
ဆိုတာ အရင်းဆုံး ကိုယ်ကိုကိုလက်ခံရပါတယ်။ သင့်ကိုယ်သင်လက်ခံသွားရင် သင့်ရဲ့ရုပ်ရည်ဟာသိသိသာသာကိုပြောင်းလဲသွားပါလိမ့်မယ်။ ယုံကြည်မှုအပြည့်နဲ့အရမ်းကိုကြည့်ကောင်းနေပါလိမ့်မယ်။ အမေရိကန် လူမည်းRapperတွေကိုတွေ့ဖူးမှာပေါ့။

အသားမည်းမည်းနဲ့ရုပ်ချောလို့လား? မချောဘူးဒါပေမဲ့ယုံကြည်မှုအပြည့်နဲ့အရမ်းကိုကြည့်ကောင်းပါတယ်။ သင့်ကိုယ်သင်ယုံကြည်မှုဟာ သင့်ရဲ့ရုပ်ရည်ကိုပါ အများအမြင်မှာ ပြောင်းလဲပစ်နိုင်ပါတယ်။ ဒါကြောင့် သင့်ကိုသင်လက်ခံပါ။ ယုံကြည်ပါ။ဘောင်ထဲမှာမနေပါနဲ့။ ဘောင်အပြင်ထွက်ကြည့်ပါ။ အပြင်မှာအရမ်းလှပါတယ်။

ကဲစိတ်ဓာတ်ကျနေတဲ့သူငယ်ချင်းတွေအတွက်ရည်ရွယ်ပြီးရေးပေးလိုက်တာပါ။ အထက်ပါအချက်တွေကို ကျင့်သုံးကြည့်ကျနော်။ အစမ်းအနေနဲ့ ကျွန်တော့်ကို comment box
ထဲမှာချီးကျူးသွားလို့ရတယ်နော်။
— with Thandar Soe, Unty Mee, Daw Ahmar Khin and 16 others.

* သူဘာလို့ ငါ့ထက်သာနေရတာလဲ ?


* သူဘာလို့ ငါ့ထက်သာနေရတာလဲ ?
(အရမ်းကောင်းတဲ့ မှတ်သားစရာ ပညာပေးစကားဖြစ်ပါတယ်)

တစ်ခါက မောင်ဖြူနဲ့ မောင်မဲ ဟာ ဘွဲ့ရပြီးနောက် ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်လုပ်ကြပါသတဲ့။ နှစ်ယောက်စလုံးဟာ အလုပ်ကို ကြိုးစားလုပ်ကြပါတယ်။ နှစ်အနည်းငယ်ကြာတဲ့အခါ သူဋ္ဌေးက မောင်ဖြူကို အရောင်းမန်နေဂျာ အဖြစ်ရာထူးတိုးပေးလိုက်ပြီး
မောင်မဲကတော့ အရောင်းသမားအဖြစ်နဲ့ပဲ လုပ်နေရပါတယ် ။
မောင်မဲဟာ ဆက်ပြီးသည်းမခံနိုင်တော့ပါဘူး။ အလုပ်ထွက်စာရေးပြီး သူဌေးဆီသွားတယ်။

" ဒီမှာသူဌေ့း့ ခင်ဗျားက အလုပ်ကြိုးစားတဲ့သူကိုတန်ဖိုးမထားဘဲ ဖားတဲ့သူကိုမှ ခင်ဗျားက ပ,စားပေး ရာထူးတိုးပေးတာ မဟုတ်လား ။ ဒီတော့ ကျုပ်အလုပ်ထွက်တယ့့် " လို့ ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။
သူဌေးက မောင်မဲ အလုပ်ကြိုးစားတာ သိပါတယ် ။ဒါကြောင့် သူ့သယ်ရင်းနဲ့ သူ့အကြားကွာခြားချက်ကို သူသိစေချင်တာနဲ့ "မင်းအလုပ်မထွက်ခင် ဈေးထဲသွားပြီး ဖရဲသီးသည်ရှာပေးနိုင်မလား " လို့ မေးပါတယ်။ မောင်မည်း ခေါင်းညိတ်တော့ " အေ့း့ ဖရဲသီး တစ်ကီလိုကို ဘယ်ဈေးလဲ မေးခဲ့စမ်းကွာ " လို့ခိုင်းတယ်။ မောင်မဲလည်းထွက်သွားပြီး မကြာခင်ပြန်ရောက်လာပါတယ်။

" တစ်ကီလို ၁၂ ဒေါ်လာပါဆရာ"

သူဌေးက "အေ့း့ ဒီမေးခွန်းကိုပဲ မင်းသူငယ်ချင်းမောင်ဖြူကိုလည်း ငါမေးဦးမကွာ " ဆိုပြီး မောင်ဖြူကို ခေါ်ပါတယ်။ စောစောကလိုပဲ ခိုင်းပါတယ်။

မောင်ဖြူပြန်လာတော့ " သူဌေးခင်ဗျာ့း့ ဖရဲသီးသည် တစ်သည်ပဲ တွေ့ခဲ့ပါတယ့့် တစ်ကီလိုကိုတော့ ၁၂ ဒေါ်လာပါ့ ၁ဝ ကီလိုယူရင် ဒေါ်လာ၁ဝဝ နဲ့ ရပါမယ့့် လောလောဆယ်သူ့မှာ ဖရဲသီးအလုံး ၃၄ဝ ရှိပါတယ့့် ဆိုင်မှာခင်းထားတာက ၅၈လုံးပါ့ တစ်လုံးကို ၁၅ ကီလိုလောက်ရှိပါတယ့့် မနေ့ကမှ တောင်အရပ်က ဝယ်လာတာပါ့ အားလုံး လတ်လတ်ဆတ်ဆတ်တွေ ချည်းပါပဲ့ ဖုန်းဆက်ချင်ရင် ဒီမှာသူ့ ဖုန်နံပါတ်ပါ့ "

မောင်မဲဟာ သူ့သယ်ရင်းနဲ့ သူရဲ့ခြားနားချက်ကို သိသွားပြီး သူ့သယ်ရင်းကို အရမ်း အထင်ကြီးလေးစားသွားပါသတဲ့ ။ အလုပ်မထွက်တော့ပါဘူး ။သယ်ရင်းဆီက လေ့လာသင်ယူစရာတွေရှိသေးတယ်လေ့ 
ပိုပြီးအောင်မြင်နေသူတွေဟာ အကြောင်းအရာတစ်ခုကိုပဲ အများနဲ့မတူ ပိုပြီး မြင်တတ် တွေးတတ် နက်နက်ရှိုင်းရှိုင်း နားလည်တတ်တဲ့သူတွေပါ ။ မနက်ဖြန်အတွက်မင်းတွေးနေချိန်မှာ သူကနှစ်နဲ့ချီပြီးတွေးပြီးသွားပြီ ။ ရက်နဲ့နှစ်ဆိုတာ ၃၆၅ဆ ၁ ဆ ကွ။
ကဲ့ သယ်ရင်း မင်းရော မင်းဘဝအတွက် ရှေ့ကိုဘယ်လောက်များ ကြိုစဉ်းစားထားပြီလဲ ။ မင်းဘယ်လောက်များ နက်နက်ရှိုင်းရှိုင်း တွေထားပြီလဲ့ 
— with Eiei Cho, Zayar Naing, Nu Nu Yin and 15 others.

***** ကိုယ့်အမှားနဲ့ သူတစ်ပါးလျော်ကြေး****


***** ကိုယ့်အမှားနဲ့ သူတစ်ပါးလျော်ကြေး****
တစ်ခါတုန်းကပေါ့…
ကျနော်စူပါမားကတ်တစ်ခုမှာ ဈေးဝယ်ထွက်နေတုန်း… ငွေးရှင်းကောင်တာက ဦးလေးကြီးက ဈေးဝယ်လာတဲ့ကလေးလေးကို စကားပြောနေတာသတိထားမိခဲ့တယ်
…။ ကောင်လေးက ငယ်ငယ်လေးပါ.. အလွန်ဆုံးရှိငါးနှစ်ခြောက်နှစ်ပေါ့…။ ကောင်တာက လူကြီးကကောင်လေးကို ပြောတယ်…။
“ ဦးလည်း စိတ်မကောင်းပါဘူးကွာ… ဖိုးသားပါလာတဲ့ပိုက်ဆံက ဒီအရုပ်မလေးဝယ်ဖို့ မလောက်ဘူးကွ…”

ကောင်လေးက သူ့နောက်မှာရှိနေတဲ့ ကျနော့ဘက်လှည့်ပြီး မေးတယ်…။

“ ဦး… သားပိုက်ဆံက ဒီအရုပ်မလေးဝယ်ဖို့ မလောက်တာသေချာရဲ့ လား…စ⁠စ်ပေးပါဦး…”

ကျနော်လည်း သူ့လက်ထဲက ပိုက်ဆံလေးတွေရေကြည့်လိုက်ပြီး ပြန်ပြောလိုက်တယ်..။

“ ဟုတ်တယ်…သားရဲ့  … သားပိုက်ဆံက မလောက်ဘူး…”

ကောင်လေးကတော့ အရုပ်မလေးကို လက်ထဲကိုင်ထားဆဲပါပဲ..။ ကျနော်လည်း သူနားတိုးသွားပြီး ဒီအရုပ်မလေး ဘယ်သူအတွက်ဝယ်ပေးချင်လို့လဲဆိုတာ မေးလိုက်တယ်…။

“ ဒီအရုပ်မလေးက သားညီမလေး အရမ်းကြိုက်တာ… သူအရမ်းလိုချင်တဲ့အရုပ်လေး… သား ညီမလေးကို မွေးနေ့လက်ဆောင်အဖြစ်ဝယ်ပေးမလို့…။ ဒီအရုပ်လေးကို သားမေမေနဲ့ လူကြုံထည့် ပေးလိုက်ချင်လို့..။ ဒါဆို မေမေညီမလေးဆီရောက်တဲ့ အခါ ညီမလေးကို ပေးလိုက်လိမ့်မယ်…”

ကောင်လေး ဒီစကားပြောနေရင်း သူမျက်ဝန်းတွေမှာ ဝမ်းနည်းကြေကွဲမှုတွေကို အတိုင်းသားမြင်နေရတယ်…။ ကောင်လေးကဆက်ပြောတယ်…

“ ခု ညီမလေးက ဘုရားသခင်ဆီ သွားနှင့်ပြီ…ဖေဖေကပြောတယ်… မေမေလည်း မကြာခင်ဘုရားသခင်ဆီသွားတော့မှာ…တဲ့…။ အဲ့ဒါကြောင့် မေမေနဲ့ ဒီအရုပ်လေး ညီမလေးအတွက် ထည့်ပေးလိုက်ချင်လို့…”

ကျနော့နှလုံးသွေးတွေတောင် ရပ်တန့်သွားသလား ခံစားခဲ့ရတယ်…။ ကောင်းလေးက ကျနော့ကို ကြည့် ပြီး ဆက်ပြောပြန်တယ်…။

“သားဖေဖေကိုလည်း မှာခဲ့တယ်… သား ဒီကပြန်မလာမချင်း မေမေ့ကို ထွက်မသွားဖို့ တားထားပါဦးလို့…”

နောက်… ကောင်လေးက သူ့ရဲ့  ဓာတ်ပုံလေးကိုလည်း ထုတ်ပြတယ်… သူအားရပါရ⁠ရယ်နေတဲ့ ချစ်စရာဓာတ်ပုံလေးပေါ့…။ ပြီးတော့ပြောတယ်…

“ ဒီဓာတ်ပုံလေးကိုလည်း မေမေနဲ့ ထည့်ပေးလိုက်မှာလေ… ဒါဆို ညီမလေး သားကို မေ့မသွားတော့ဘူးပေါ့… သားမေမေကိုလည်း သားအရမ်းချစ်တယ်… မေမေ့ကိုလည်း သားကိုထားပြီးထွက်မသွားစေချင်ပါဘူး…ဒါပေမယ့် ဖေဖေကပြောတယ်… မေမေက ညီမလေးနဲ့နေဖို့ သွားရမှာတဲ့…”

ကောင်လေးက အရုပ်မလေးကို ဝမ်းပန်းတနည်း တစ်ချက်ကြည့်လိုက်ပြန်တယ်…။ကျနော်လည်း ကျနော့ပိုက်ဆံအိတ်ကို စမ်းကြည့်လိုက်ပြီး ကောင်လေးကို ပြောလိုက်တယ်…။

“ နေဦး သား… ဦးတို့ သားပိုက်ဆံထပ်ရေကြည့်ရအောင်… သားပိုက်ဆံက အရုပ်မလေးဝယ်ဖို့ လောက်ချင်လောက်နေမှာပါ…နော့…”

ဆိုတော့ ကောင်လေးက…

“ ဟား… ဟုတ်တယ်…သားတော့ သားပိုက်ဆံလောက်မယ်ထင်တယ်…”

ကျနော်လည်း သူမမြင်အောင် ကျနော့ပိုက်ဆံလေးနည်းနည်းဖြည့်ထည့်လိုက်ပြီး သူပိုက်ဆံလေးတွေကို အတူရေတွက်လိုက်ကြတယ်…။ ဒီတော့ ပိုက်ဆံက အရုပ်မလေးအတွက်တင်မကဘူး…အနုတ်လေးနည်းနည်း ပါပိုနေသေးတယ်…။ဒီတော့ ကောင်းလေးက…

“ ကျေးဇူးတင်ပါတယ်…အဖဘုရားသခင်…ခုလိုပိုက်ဆံလောက်အောင်မစတဲ့အတွက်…”

ဆိုပြီး ကျနော့ကို ပြောပြန်တယ်..။

“ သား ...မနေ့ည အိပ်ယာမဝင်ခင်က ဒီအရုပ်မလေးဝယ်ဖို့ သားမှာပိုက်ဆံလုံလောက်အောင် ဘုရားသခင်ဆီမှာ ဆုတောင်းထားခဲ့တာ…ဒါမှ မေမေက ဒီအရုပ်လေး ညီမလေးကို ပေးနိုင်မှာလေ…ဘုရားသခင်က သားဆုတောင်းတာကိုကြားတယ်နော်… သားမေမေ့အတွက်လည်း နှင်းဆီဖြူလေးတစ်ပွင့် ဝယ်ပေးချင်တာ… ဒါပေမယ့် ဘုရားသခင်ဆီက အများကြီးလည်း တောင်းရမှာ အားနာလို့…ဒါပေမယ့် ဘုရားသခင်ကသိတယ်… အရုပ်မလေးအတွက်တင်မကဘူး နှင်းဆီတစ်ပွင့်ဖိုးပါ ထည့်ပေးလိုက်တယ်… မေမေက နှင်းဆီဖြူလေးတွေကိုသိပ်ကြိုက်တာ…”

အဲ့ဒီနေ့က ကျနော် ဈေးဝယ်ဖို့စဉ်းစားထားခဲ့တာနဲ့ မတူခြားနားစွာ ဈေးဝယ်လို့ ပြီးဆုံးခဲ့ပါတယ်…။ ဒါပေမယ့် အဲ့ဒီကလေးလေးကို ကျနော့်စိတ်ထဲက မေ့ဖျောက်လို့ မရနိုင်ခဲ့ပါဘူး…။ နောက်တော့ ကျနော် လွန်ခဲ့တဲ့နှစ်ရက်က ထုတ်တဲ့ သတင်းစာထဲကသတင်းတစ်ပုဒ်ကို သွားသတိရမိခဲ့တယ်..။ အဲ့ဒီမှာပါတာက အရက်မူးနေတဲ့ ကုန်ကားမောင်းသမားက အမျိုးသမီးတစ်ဦးနဲ့ သမီးဖြစ်သူ ကလေးငယ်စီးနင်းလာသော ကားငယ်ကို ဝင်တိုက်သွားခဲ့ပါတယ်….ကလေးငယ်ကပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး မိခင်ဖြစ်သူဟာလည်း စိုးရိမ်ဖွယ် ဒဏ်ရာများနဲ့ အတူ ဆေးရုံတင်ပို့ထားကြောင်း ရေးသားထားတဲ့ သတင်းတစ်ပုဒ်ပါ..။

လူနာအမျိုးသမီးဟာ သတိလစ်မေ့မျောနေပြီး… အသက်ကယ်ကိရိယာတွေတပ်ဆင်ထားခဲ့ရပါတယ်… ။ ဒါပေမယ့် သတိပြန်လည်လာဖို့မဖြစ်နိုင်တော့တာမို့ အသက်ပြန်မရှင်နိုင်တော့မယ့်အတူတူ အသက်ကယ်ကိရိယာတွေကို ဖြုတ်ပစ်မလား ဒီအတိုင်း ဝေဒနာတွေနဲ့ သူသေတဲ့အထိစောင့်မလားဆိုတာ လူနာရှင်မိသားစုအနေနဲ့ ဆုံးဖြတ်ရမယ့် အခြေအနေရောက်နေခဲ့ပါတယ်…။ အဲ့ဒီမိသားစုဟာ ဒီကလေးလေးရဲ့  မိသားစုများလား..။

ကျနော် ဒီကလေးလေးနဲ့ ဆုံပြီး နောက်နှစ်ရက်လောက်မှာပဲ လူနာအမျိုးသမီး သေဆုံးသွားကြောင်း သတင်းစာထဲမှာ ကျနော်ဖတ်ခဲ့ရတယ်..။ ကျနော်လည်း ကိုယ့်ကိုယ်ကိုယ်တောင် တားဆီးချိန်မရလိုက်ပါဘူး … နှင်းဆီဖြူပန်းစီးလေး တစ်စီးဝယ်ပြီး အဲ့ဒီအမျိုးသမီးရဲ့  ဈာပနကျင်းပရာနေရာကို စုံစမ်းပြီးသွားခဲ့ပါတယ်…။ ဈာပနကိုရောက်လို့ အသုဘပြင်ထားရာ အခေါင်းတလားနားကို သွားကြည့်လိုက်တော့ သေဆုံးသူအမျိုးသမီးရဲ့  လက်ထဲမှာ နှင်းဆီဖြူလေးတစ်ပွင့်…ပြုံးရယ်နေတဲ့ ကောင်ကလေးငယ်တစ်ယောက်ရဲ့  ဓာတ်ပုံကို ဆုတ်ကိုင်ထားပြီး…ရင်ဘတ်ပေါ်မှာ အရုပ်မလေးတစ်ရုပ်ကို လည်းတင်ထားတာတွေ့လိုက်ရတယ်….။ ကျနော်မျက်ရည်မဆည်နိုင်တော့ဘဲ အဲဒီနားကထွက်ခွာခဲ့တယ်…။ အဲ့ဒီတစ်ကြိမ်ခံစားခဲ့ရတဲ့ ခံစားမှုက ကျနော့ဘဝ ကျနော့အသိတရားတို့ကို ထာဝရပြောင်းလဲစေခဲ့ပါတယ်…။

ကောင်ကလေးရဲ့  သူ့အမေနဲ့ ညီမလေးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတို့က ခုထိမယုံနိုင်လောက်အောင်တည်ရှိနေဆဲပါ…။ ဒါပေမယ့်… အရက်မူးနေတဲ့ ကားသမားတစ်ယောက်က ဒီကလေးလေးဆီက အရာအားလုံးကို တစ်စက္ကန့် ရဲ့  အပိုင်းအစ အချိန်လေးအတွင်းမှာ ဖျက်ဆီးပစ်ခဲ့လိုက်ပါပြီ…။

ဒါကြောင့် …. သယ်ရင်းတို့ရေ…
လူသားတိုင်းရဲ့  ဘဝတွေကို အသိမှတ်ပြုတန်ဖိုးထားပါ…။ လူသားတို့ရဲ့  ဘဝတွေကိုကာကွယ်စောင့်ရှောက်ထားတဲ့ ဥပဒေစည်းကမ်းတွေကို လိုက်နာပါ…။ မင်းလုပ်လိုက်တဲ့ အမှားရဲ့  လျော်ကြေးကို သူတပါးရဲ့ ဘဝတွေနဲ့ ရင်းပြီးပေးဆပ်လိုက်ရတာမျိုးမဖြစ်ပါစေနဲ့…။ မင်းပြုမိမှားခဲ့တဲ့ အမှားယွင်းကြောင့် တစ်ဖက်သားအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုတို့ မကြုံကြရပါစေနဲ့…။ နောက်ပြီး ပေးဆပ်တတ်တဲ့ လက်တို့ ရှိနေပါစေ… အဲ့ဒီလက်တို့နဲ့ အကူညီလိုအပ်နေတဲ့ သူတွေ… ဝမ်းနည်းပူဆွေးနေသူတွေအတွက် အမြဲကမ်းလင့်ထားနိုင်ကြပါစေ…ကွာ…။ ။

ဦးသုည... စကားလုံးဖလှယ်သည်

ဖတ်မိလို့ကောင်းတာလေးတွေကို မျှဝေပေးတာလည်း မေတ္တာတစ်မျိုးပါ။
@@@သာသနာနွယ်

* ကျောင်းပရိဝုဏ်အတွင်း၌ တိုက်စစ်ဆင်ခြင်း

ကျောင်းပရိဝုဏ်အတွင်း၌ တိုက်စစ်ဆင်ခြင်း
မောင်သာချို
(တစ်)
         ရန်ကုန်မြို့အခြေစိုက် တက္ကသိုလ်ကျောင်းကြီး တစ်ကျောင်းကနေ ပါမောက္ခဘ၀ဖြင့် အငြိမ်းစားယူသွား
 ပြီးဖြစ်သူ ဆရာတစ်ယောက်နှင့် ကျွန်တော်တို့ မကြာခဏဆိုသလို စကားစမြည်ပြောဖြစ်ပါသည်။ ထိုစကားစမြည်တွင်ကား ဆရာက “တိုက်စစ်” အကြောင်းပြောကာ ရယ်ပွဲဖွဲ့ပါသည်။
    “တိုက်စစ်”တဲ့။ တက္ကသိုလ်ကျောင်းထဲက တိုက်စစ်။ ဤတွင် ပညာရေးလောကနှင့်တိုက်စစ် ဘာဆိုင်လို့တုံးဟု ဆန္ဒစောသူတို့က မေးနိုင်ပါသည်။ ရေလည်အောင် ရှင်းပြပါရစေဦး။
     စစ်ရေးလောက၌ တိုက်စစ်၊ ထိုးစစ်၊ ခံစစ်၊ ပြောက်ကျားစစ် စသည်စသည်ဖြင့် သေနင်္ဂဗျူဟာ အမျိုးမျိုးရှိသည်ကို အများအသိ ဖြစ်ပါသည်။ ယခုက တက္ကသိုလ်ကျောင်းပရိဝုဏ်ထဲက “တိုက်စစ်”။
   ထိုဆရာတို့၏ ဘာသာရပ်က အင်္ဂလိပ်ဘာသာဖြင့် သင်ယူကာ အင်္ဂလိပ်ဘာသာဖြင့်ပင် ပြန်လ ည်ဖြေဆိုရ သည့် ဘာသာရပ်ဖြစ်ပါသည်။ သို့ဖြင့် တစ်နေ့စာ မေး-အဖြေလွှာများ စစ်ဆေးအပြီး အမှတ်များ ထည့်သွင်းကြစဉ် သံသယဖြစ်ဖွယ် ခုံနံပါတ်တစ်ခုကို သွားတွေ့လိုက်ကြရသည်ဟု ဆိုပါသည်။ ထိုခုံနံပါတ်ရှင်က ဘာသာရပ်တိုင်းလိုလိုတွင် အမှတ်ကောင်းကောင်း မြင့်မြင့်တွေ ရထားပြီး တစ်ခုတည်းသော ဘာသာ၌ အလွန်ညံ့ဖျင်း စုတ်ပြတ်သည့် အမှတ်ကိုသာ ရထားသည်ဟု ဆိုပါသည်။
ဤတွင် ဆရာ၊ ဆရာမကြီးအချို့တို့ သံသယဖြစ်ကာ ထိုညံ့ဖျင်းစုတ်ပြတ်သည့် အဖြေလွှာကို ထုတ်ကြည့်ရာ ခေါင်းနားပန်းကြီးသွားကြရသည်ဟု ဆိုပါသည်။
အကြောင်းမှာ အလွန်တရာ အဆင့်အတန်းမြင့်သည့် အင်္ဂလိပ်စာအရေးအသားဖြင့် ဘာသာရပ်ကို ပိုင်ပိုင်နိုင်နိုင် ဖြေဆိုထားကြောင်း တွေ့လိုက်ရသောကြောင့်ဟု ဆိုပါသည်။ သို့ဖြင့် ထိုအဖြေလွှာ စစ်ဆေးသည့် နည်းပြဆရာမကို ခေါ်ရပါသည်။ ဘယ်လိုစစ်ဆေးသလဲ မေးရပါသည်။ ဆရာမကလည်း ရိုးရိုးသားသားပဲ ဖြစ်ပါသည်။ မည်သည့်ပယောဂ တစ်စုံတစ်ရာမှ မရှိပါ။
သူက ပို့ချချက်စာအုပ်ကို လက်ကိုင်ထားသော ဆရာမကလေးဖြစ်ပါသည်။ ပို့ချချက်ထဲက ၀ါကျတွေ၊ စာပိုဒ်တွေကို သူအကုန်မှတ်မိသည်။ ယခုအဖြေလွှာထဲက ၀ါကျတွေ၊ စာပိုဒ်တွေကို သူတစ်ခါမှမတွေ့ဖူး။ သို့ဖြင့် ပို့ချချက်စာအုပ်ကြီးကို ရှေ့တွင်ချကာ တိုက်ကြည့်သည်။ မတူ။ လုံးဝမတူ။ သို့ဖြင့် အမှတ်ကို တော်စွလျော်စွပေးကာ ချထားလိုက်ခဲ့ခြင်း ဖြစ်ပါသည်။ ဆရာကြီး၊ ဆရာမကြီးတို့ ရယ်လည်းရယ်၊ မောလည်းမော၊ ထိုဆရာမကလေးကိုလည်း သွန်သင်ဆုံးမကာ ပြန်လည်ပြင်ဆင် စစ်ဆေးပေးခဲ့ကြရကြောင်း ဇာတ်လမ်းပင်ဖြစ်ပါသည်။
  “နောက်မှသိရတာက အဲဒီစာဖြေသူက မိဘတွေအလုပ်တာဝန်ကြောင့် ပြည်ပ မှာ တော်တော်ကြာကြာ
 နေခဲ့ဖူးတဲ့သူတဲ့ ...အင်္ဂလိပ်စာအရေးအသား သိပ်ကောင်းတာ၊ ကျုပ်တို့ဆရာမက ပို့ချချက်စာအုပ်နဲ့တိုက်ပြီး စစ်တာ... မတူတော့ မှားတယ်ထင်တာ။ အဲဒီမှာ ရယ်ရင်းမောရင်း ဆုံးမရတာ နောင်တိုက်မစစ်နဲ့ တိုက်စစ်က အန္တရာယ်များတယ်လို့” ပါမောက္ခဟောင်းကြီး တ၀ါးဝါးရယ်နေသည်ကိုကြည့်ကာ ကျွန်တော်လည်း သူ့နောက်က လိုက်ရယ်နေမိပါသည်။ စာအုပ်ကြီးထဲကနဲ့ တူ၊ မတူကို တိုက်ပြီးစစ်လို့ “တိုက်စစ်”တဲ့။ အော် ကျောင်းပရိဝုဏ်အတွင်းက တိုက်စစ်များ။

 (နှစ်)
“တိုက်စစ်” အန္တရာယ်က ပညာရေးလောကအတွက် ကြီးလွန်းလှပါသည်။ ၏သည်မလွဲ ပြန်ပြောနိုင်လျှင် လူတော် မပြောနိုင်လျှင် လူညံ့အဖြစ် ဆရာ၊ ဆရာမများကိုယ်တိုင်က သဘောထားနေကြသည်ကို မပြင်ဘဲနှင့်တော့ ဘာမှဖြစ်လာလိမ့်မည် မထင်ပါ။ ရန်ကုန်မြို့၌ ရွှေတိဂုံစေတီတော် ရှိပါသည်ဟူသည့် ၀ါကျကိုပင်လျှင် “ရွှေတိဂုံစေတီတော်သည် ရန်ကုန်မြို့၌ရှိသည်”ဟု ပြန်မရေးရဲသော ကလေးတွေကို နေရာတိုင်းမှာ ကျွန်တော်တို့ တွေ့နိုင်ပါသည်။ ဆရာ သို့မဟုတ် ဆရာမက သူရေးပေးတဲ့အတိုင်း မရေးရင် အမှတ်မပေးဘူးဟုဆိုကာ စိုးထိတ်နေကြပါသည်။ ခြေလေးချောင်းသတ္တ၀ါ သုံးမျိုးကို ဆရာ၊ ဆရာမက ခွေး၊ ကြောင်၊ နွားဟု ရေးပေးထားသည် ဆိုပါတော့။ ကလေးက ဆင်တို့၊ ကျွဲတို့၊ မြင်းတို့၊ ဆိတ်တို့ကို မရေးရဲ။ ရေးလျှင် အမှတ်မရမှာ (သို့မဟုတ်) ဆူမှာ သို့မဟုတ် အငြိုငြင်ခံရမှာကို စိုးထိတ်နေရသည့် အနေအထားဖြစ်ပါသည်။
ဝါကျကလေးများ စကားလုံးကလေးများကိုပင်လျှင် လွတ်လွတ်လပ်လပ် ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ချမရေးရဲမှတော့ အတွေးအခေါ် အယူအဆတွေကို ချပြရဲ၊ တင်ပြရဲဖို့ ဆိုသည်မှာ ဟိုးအဝေးကြီးမှာပါ။

 (သုံး)
ပြင်သစ်နိုင်ငံ၌ ပညာသင်ကြားကာ မြန်မာနိုင်ငံမှာ ဟိုတယ်တွေ လာဖွင့်နေသူ သွက်လက်ထက်မြက်သော ရှမ်းသမီးပျိုကလေးတစ်ဦးနှင့် အင်းလေးကန်ဘေးက သူတို့ဟိုတယ်ထဲမှာပင် စကားဝိုင်းဖွဲ့ဖူးပါသည်။ မိုးလေ၀သဆရာကြီး ဒေါက်တာဦးထွန်းလွင်တို့၊ ဆရာချစ်ဦးညိုတို့၊ မနုနုရည်(အင်းဝ)တို့လည်း ထိုမိန်းကလေးကို ကောင်းကောင်းသိပါသည်။
သူက ဆိုကြပါစို့တဲ့။ ပြင်သစ်စာရေးဆရာကြီး ဗစ်တာဟူးဂိုး (Victor Hugo)ကို သင်သတဲ့။ ဆရာ၊ ဆရာမက ဗစ်တာဟူးဂိုး (Victor Hugo) ပြောတာကို ကြိုက်၊ မကြိုက် လက်ခံ၊ လက်မခံ မေးသတဲ့။ လက်ခံရင် ကြိုက်ရင် လက်ခံကြောင်း ကြိုက်ကြောင်း ရေး၊ လက်မခံဘူး မကြိုက်ဘူး ဆိုရင်လည်း လက်မခံကြောင်း မကြိုက်ကြောင်း ရေးတဲ့။
ကျွန်တော်တို့ကတော့ မှတ်စုများကိုပင် ရိုက်နှိပ်ထုတ်ဝေကာ ကျောင်းသား၊ ကျောင်းသူများဆီသို့ ရောင်းချဝေငှ ထားလိုက်ပါသေးသည်။ အဲသည့် စာအုပ်ထဲကအတိုင်း ဖြေဆိုကြပေတော့။
ငါရေးချပေးထားတဲ့ ၀ါကျအတိုင်းပဲရေး။ မကွန့်နဲ့။ ငါတွေးပြပေးထားတဲ့အတိုင်းပဲတွေး။ မတွန့်နဲ့။ ငါတွက်ပြပေးထားတဲ့အတိုင်းပဲတွက်။ မညွန့်နဲ့။ ငါခံစားပြထားတဲ့အတိုင်းပဲခံစား။ မလွန့်နဲ့။
ဒါကို ကျွန်တော်က အာဏာ၏အရိပ်ဟု ထင်ပါသည်။ စာသင်ခန်းထဲသို့ အာဏာ၏အရိပ်များ လွှမ်းမိုးလာခြင်းဖြင့် ပညာရေးလောကသည်လည်း အခြားသော လောကများနှင့်အတူ ဆွံအကြုံလှီ ညှိုးနွမ်းခြောက်သွေ့သွားခဲ့ရခြင်း ဖြစ်ပါသည်။
အလွတ်ကျက်ထားသည်ကို တစ်သဝေမတိမ်း ပြန်ရွက်ပြ ပြန်ရေးပြသည်ကို Factual Recall ဟု ခေါ်ဆိုရာ ထိုဖက်ကျူရယ်ရီကောလ်သည် Reasoning Power ခေါ် ဆင်ခြင်ခြင်း၏ရန်သူ၊ Critical Thinking ခေါ် ဝေဖန်သုံးသပ်ခြင်း၏ရန်သူ၊ Decision Making ခေါ် ဆုံးဖြတ်ချက်ချခြင်း၏ရန်သူ၊ Problem Solring ခေါ် ပြဿနာဖြေရှင်းခြင်း၏ရန်သူပင် ဖြစ်ပါသည်။
စာအုပ်ထဲကအတိုင်း ပြန်ချရေးနိုင်၊ မရေးနိုင် စစ်ဆေးသော “တိုက်စစ်”သည် Factual Recall ပင် ဖြစ်ပါသည်။
ယခုအာဏာ၏အရိပ်ကို ဖယ်ကာ ဒီမိုကရေစီရေးသို့ ရှေးရှုနေသောကာလ၌ ကျောင်းပရိဝုဏ်များအတွင်းတွင် “တိုက်စစ်” ရှိနေသေးသည်ဆိုလျှင် ဆရာ၊ ဆရာမတို့ကိုယ်တိုင်က အာဏာအရိပ်အောက်က မလွတ်မြောက်နိုင်ကြခြင်းပင် ဖြစ်ပါသည်။ ငါရေးတဲ့ ငါတွေးတဲ့၊ ငါတွက်တဲ့၊ ငါချက်တဲ့အတိုင်း ရေး၊ မရေး၊ တွေး၊ မတွေး၊ တွက်၊ မတွက်၊ ချက်၊ မချက် တိုက်စစ်ကြည့်သော ဓလေ့။
ကျောင်းပရိဝုဏ်တွေထဲမှာ “တိုက်စစ်” ရပ်ပါတော့။ ။